• We will celebrate the 150th Anniversary birthday of Mandalay sooner or later. The last monarchical capital of Myanmar had passed by pages of history from time to time. King Mindon founded the city in 1868 after he had left Amarapura, his old dwelling place. One and a half century is a long period of time but Mandalay will be still young as long as the Ayeyarwadi River flows and the Mandalay Hill stands in harmony with each other. Anyhow it is drawing near to celebrate the wonderful anniversary. We invite you to take part in our celebrations.

    မန္တလေးမြို့တော်(ရတနာပုံနေပြည်တော်)ကို စတင်တည်ထောင်ခဲ့တာ မကြာခင်မှာ နှစ် ၁၅၀ ပြည့်တော့မှာ ဖြစ်ပါတယ် . . သက္ကရာဇ် ၁၂၂၁ ခုနှစ်က အုတ်ကျစ်ကျော်အေး မန္တလေးလို့ စာဆိုရှိတဲ့ မန္တလေးမြို့တော်ကြီးဟာ ၁၃၇၁ခုနှစ်မှာ နှစ်ပေါင်း ၁၅၀ ပြည့်ပါတော့မယ် . . နှစ်၁၀၀ပြည့် ပွဲတော်ကို စည်ကားစွာ ကျင်းပခဲ့ကြသလို နှစ်၁၅၀ပြည့် ပွဲတော်ကိုလည်း စည်းကားစွာ ကျင်းပနိုင်မယ်လို့ ယုံကြည် ပါတယ် . . ဒါကြောင့် နှစ်၁၅၀ပြည့် မန္တလေးမြို့တော်အတွက် မန္တလေးက အကြောင်းတွေကို ဒီစာမျက်မှာ ဖော်ပြမှာဖြစ်ပြီး မန္တလေး နှစ်၁၅၀ပြည့်ပွဲတော်ကြီးကိုလည်း ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်နိုးဆော် လိုက်ရပါတယ် . . .

Mandalay Water Festival News

မန္တလေးမှာက တဖြည်းဖြည်းနဲ့ သင်္ကြန်နီးလာတာနဲ့အမျှ ပြင်ဆင်မှုများက ပြီးစီးလာလို့နေပါပြီ အခုဆိုရင် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ကြီးကလည်း ရုပ်လုံးပေါ်လာပြီဖြစ်ပါတယ်။ နန်းမြို့သူမဏ္ဍပ်ကလည်း ပြီးစီးသလောက်ပါပဲ . . . အခြားရေကစားမဏ္ဍပ်များကလည်း ဆောက်လုပ်လာကြတာ တချို့ ပြီးနေကြပါပြီ ဆောက်လုပ်ပုံ ဆောက်လုပ်နည်းကတော့ အမျိုးမျိုးပဲ ထုံးစံအတိုင်း စည်ပိုင်းနဲ့ဆောက်တာမျိုး သစ်သားနဲ့ဆောက်တာမျိုးအပြင် ဒီနှစ် သံဖရိန်နဲ့ပါ ဆောက်နေတာမြင်ခဲ့ရပါတယ်။ မဏ္ဍပ်ပေါင်း ၄၈ခု ၅၀နီးပါးပေါ့ ရှိပါမယ် အရင်နှစ်တွေထက် မဏ္ဍပ်အရေအတွက် လျော့သော်လည်း မဏ္ဍပ်တွေက ပိုကျယ်လာသလို သုံးဆင့်တွေလည်း ဖြစ်လာပါတယ်။ မကြာမီ သင်္ကြန်ပွဲမှာ ဘယ်လိုဘယ်ပုံ မြူးပျော်ကြမယ်ဆိုတာကတော့ . . .

Follow

Get every new post delivered to your Inbox.