• We will celebrate the 150th Anniversary birthday of Mandalay sooner or later. The last monarchical capital of Myanmar had passed by pages of history from time to time. King Mindon founded the city in 1868 after he had left Amarapura, his old dwelling place. One and a half century is a long period of time but Mandalay will be still young as long as the Ayeyarwadi River flows and the Mandalay Hill stands in harmony with each other. Anyhow it is drawing near to celebrate the wonderful anniversary. We invite you to take part in our celebrations.

    မန္တလေးမြို့တော်(ရတနာပုံနေပြည်တော်)ကို စတင်တည်ထောင်ခဲ့တာ မကြာခင်မှာ နှစ် ၁၅၀ ပြည့်တော့မှာ ဖြစ်ပါတယ် . . သက္ကရာဇ် ၁၂၂၁ ခုနှစ်က အုတ်ကျစ်ကျော်အေး မန္တလေးလို့ စာဆိုရှိတဲ့ မန္တလေးမြို့တော်ကြီးဟာ ၁၃၇၁ခုနှစ်မှာ နှစ်ပေါင်း ၁၅၀ ပြည့်ပါတော့မယ် . . နှစ်၁၀၀ပြည့် ပွဲတော်ကို စည်ကားစွာ ကျင်းပခဲ့ကြသလို နှစ်၁၅၀ပြည့် ပွဲတော်ကိုလည်း စည်းကားစွာ ကျင်းပနိုင်မယ်လို့ ယုံကြည် ပါတယ် . . ဒါကြောင့် နှစ်၁၅၀ပြည့် မန္တလေးမြို့တော်အတွက် မန္တလေးက အကြောင်းတွေကို ဒီစာမျက်မှာ ဖော်ပြမှာဖြစ်ပြီး မန္တလေး နှစ်၁၅၀ပြည့်ပွဲတော်ကြီးကိုလည်း ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်နိုးဆော် လိုက်ရပါတယ် . . .

Mandalay Water Festival (Singer & Actor List)

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မန်းစည်ပင် ခေတ်ပေါ်တေးဂီတ၊ မန်းစည်ပင် မြန်မာ့ဆိုင်းဝိုင်းတော်ကြီးနှင့်အတူ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၀န်ထမ်း လှပျိုဖြူများ၏ သင်္ကြန်ယိမ်းအက၊အလှများနှင့် မက်တယ်ဇုန်၊ သဘာဝရဲ့ရင်သွေးငယ်များ(စိုင်းထီးဆိုင်၏တေးဂီတအဖွဲ့) စသည့်တေးဂီတအဖွဲ့များ အားဖြည့်လို့ ထားပါတယ်။   သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၊ သန်းမြတ်စိုး၊ အကယ်ဒမီနေအောင်၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ရင်ဂို၊ ဂရေဟမ်၊ L လွန်းဝါ၊ wall လျှံ၊ ရာဇာနေ၀င်း၊ ကင်းကောင်၊ ကုသိုလ်၊ ကျော်ထူး(ကသုံးလုံးအဖွဲ့) ဖြူဖြူကျော်သိန်း၊ ရေပက္ကာဝင်း၊ ခင်ဖုဏ်း၊ ရွှေထိုက်၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ ပုလဲဝင်း၊ နန်းစုရတီစိုးနှင့်အဖွဲ့ စသော တေးသံရှင် သရုပ်ဆောင်များ အားပြည့်လို့ မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်မှာ ဖျော်ဖြေမယ်လို့ သိထားရပါတယ်။

Shwe Sar Yan

ရွှေစာရံဘုရားပွဲတော် သွားကြရအောင် မန္တလေးနား ပုသိမ်ကြီးမြို့နယ် ရွှေစာရံဘုရားမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့မှ လပြည့်ကျော်၈ရက်အထိ ကျင်းပမှာဖြစ်ပါတယ် စောမွန်လှရဲ့ အတိတ်သမိုင်းကြောင်းနဲ့အတူ ထင်ရှားလှပါတယ်။ နားဋောင်းအတွင်းက ဓာတ်တော်ကွန့်မြူးခြင်းကို အထင်မှားရာက ပြည်တော်ပြန်ခရီးမှာ ချောင်းအနီးမှာ နားဋောင်းကျ သွားတယ်လေ အဲဒီချောင်းက အခု နားဋောင်းကျ ချောင်းရယ်လို့ အမည်တွင်နေရော . . . နောက် စေတီတည်တော့လဲ စာကလေးတွေ ၀ိုင်းရံနေလို့ ရွှေစာရံလို့ တွင်သတဲ့ ထူးခြားတာက စေတီကို တည်ထားပြီးတဲ့အခါ ပုဂံကနေ လူလွှတ်ကြည့်စေပါတယ် မုခ်ဦးဘယ် ဘက် ကို လှည့်ထားလဲပေါ့ တကယ်လို့ ရှမ်းပြည်ဘက်လှည့်ရင် ပြစ်ဒဏ်ပေးမယ်၊ ပုဂံဘက်ဆို ဒီအတိုင်းပြန်ခဲ့တဲ့ . . . တကယ်လည်း မုခ်ဦးက ရှမ်းပြည်ဘက်လှည့်ထားတယ် အဲဒါကို [...]

Full Moom Day

ကနေ့က တပို့တွဲလ အဖိတ်နေ့ ဖြစ်တာနဲ့အညီ မန္တလေးတစ်မြို့လုံး ထမနဲထိုးပွဲများနဲ့ စည်ကားလို့နေပါတယ်။ မနက်ဖြန် တပို့တွဲလပြည့်နေ့ နံနက်စောစော မြတ်စွာဘုရားရှင်ကို ထမနဲဆွမ်းကပ်လှူကြမှာဖြစ်တယ်။ မြန်မာလများရဲ့ အအေးဆုံးလလို့ ပြောနိုင်တဲ့ တပို့တွဲလမှာ မြတ်စွာဘုရားရှင်ကို မီးပုံးထင်းပူဇော်ပွဲလည်း ရှိပါတယ်။ နံနက်စောစောအရုဏ်တက်မှာ ဘုရားရှင်ကို ထမနဲဆွမ်းကပ်လှူပြီး အိုးကင်းထဲမှာ နံ့သာစုံထည့်ပြီး မီးပူဇော်တာကို ပြောတာပါ။ အခု ဈေးများမှာ အိုးကင်းနဲ့အတူ ၀ယ်လို့ရပါတယ်။ တပို့တွဲလပြည်နေ့မှာ မန္တလေးရဲ့ စည်ကားရာများကတော့ မဟာမုနိဘုရားကြီးမှာပါ ဟိုယခင် ဘုရင်များလက်ထက်တော်ကတည်းက နှစ်စဉ်မပျက်ကျင်းပခဲ့တဲ့ မီးပုံးထင်းပူဇော်ပွဲနဲ့ ထမနဲ့ထိုးပွဲများ၊ ကပ်လှူပူဇော်ပွဲများကဖြင့် ယနေ့ ညနေမှစပြီး လပြည့်နေ့ နံနက်ခင်းအထိ စည်ကားသိုက်မြိုက်နေပါတယ်။ နောက်တစ်နေရာကတော့ ဗောဓိကုန်းက မဟာဗောဓိစေတီမှာဖြစ်ပါတယ်။ မန္တလေးနဲ့ နိဗ္ဗာန်ဈေးလို့ခေါ်တဲ့ ဈေးရောင်းပွဲကျင်းပလာတာ နှစ်ပေါင်းများလှပါပြီ နံနက်ခင်းမှာ မိမိရောင်းလိုတာကို ခင်းကျင်းရောင်းချပြီး [...]

Follow

Get every new post delivered to your Inbox.