နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ၀ဏ္ဏကျော်ထင် ဒေါ်မေရှင်သည် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း ၃-၉-၂၀၀၈ ည ၁၁နာရီ မိနစ်၂၀က ကွယ်လွန်သွားကြောင်း သိရပါတယ်။
အမေရှင် ကွယ်လွန် ချိန်မှာ အသက် ၉၃နှစ်ရှိပြီဖြစ်ပြီး မောင်နှမ ငါးဦးအနက် အငယ်ဆုံးဖြစ်ကာ
တူ၊တူမ ၆ယောက်တို့ရဲ့ အဒေါ် ဖြစ်ပါတယ်။
၅-၉-၂၀၀၈ သောကြာနေ ညနေ ၃နာရီမှာ ကြာနီကန်သုသာန်မှာ ဂူသွင်းသဂြိုဟ်မယ်လို့
သိရှိရပါတယ်။
မန္တလေးမြို့ရဲ့ ဂုဏ်ဆောင်အနုပညာရှင်တစ်ဦး မန္တလေး နှစ်၁၅၀ပြည့်ပွဲတော် မဆင်နွှဲလိုက်ရမီ
ကွယ်လွန်သွားတဲ့အတွက် အထူးပင်ဝမ်းနည်းကြေကွဲမိပါတယ်
Filed under: သတင်း Tagged: | Daw May Shin, Mandalay, news
