၂-၅-၂၀၀၈နဲ့ ၃-၅-၂၀၀၈ရက်များမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်အမည်ရှိ ဆိုက်ကလုန်းမုန်တိုင်းကြောင့်
မြန်မာနိုင်ငံအောက်ပိုင်းရှိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း စသော လေဘေးသင့်ပြည်သူများသို့
မန္တလေးတိုင်းအတွင်းရှိ စေတနာရှင်များက နေ့စဉ်လှူဒါန်းလျက်ရှိပါတယ်။
ယခုအချိန်အထိ လေကြောင်း၊ မီးရထား၊ ကားများဖြင့် ကယ်ဆယ်ရေးပစ္စည်းများတင်ပို့လျက်ရှိကြပါတယ်။
လှူဒါန်းမှုများကို တိုင်းအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စတဲ့
အဖွဲ့အစည်းများက ဦးဆောင်ပြီး ပါဝင်လှူဒါန်းလျက်ရှိပါတယ်။
ပါဝင်လှူဒါန်းသူများအားလုံးကို ၀မ်းမြောက်စွာ သာဓုခေါ်ဆိုအပ်ပါတယ်ခင်ဗျာ
ထပ်မံလည်း လှူဒါန်းကြပါဦးလို့ ဖိတ်ခေါ်လိုက်ရပါတယ် . . .
Filed under: မန္တလေးမြင်ကွင်း, သတင်း