မန္တလေး FM ရေဒီယို ထုတ်လွှင့်မှုများ မကြာခင်စတင်တော့မှာဖြစ်ပါတယ်
ဖော်အဲဗားဂရုမှ တာဝန်ခံထုတ်လုပ်မည်ဖြစ်ပြီး
ပြန်ကြားရေးဝန်ကြီးဌာနနှင့်မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ ပူးပေါင်းစီစဉ် ထုတ်လုပ်တာပဲဖြစ်ပါတယ်။
ယခု စတင်ပြီး စမ်းသပ်ထုတ်လွှင့်မှုများအဖြစ် ဧပြီလ ၃ရက်မှာ စတင်မှာဖြစ်ပြီး
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
စတင်ထုတ်လွှင့်မှုမှာ မန္တလေးမြို့မှ မိုင်၅၀ပတ်လည်သို့ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မတ္တရာ၊ ပြင်ဦးလွင်၊ ကူမဲ၊ စစ်ကိုင်း တို့မှ နားဆင်နိုင်ဖြစ်ပါတယ်။
ထူးခြားမှုရှိတဲ့ သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်လွှင့်ဖို့ စီစဉ်ထားပြီး
ဆန်းသစ်ပြီး မန္တလေးကို ဗဟိုပြုတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ထုတ်လွှင့်မှုများကိုလည်း စီစဉ်ထားကြောင်း သိရပါတယ်။
အထူးသဖြင့် အခွေ မထုတ်နိုင်တဲ့ ဂီတချစ်သူ တေးသံရှင်များရဲ့ ကိုယ်ပိုင်သံစဉ်တေးသံများကိုလည်း ထုတ်လွှင့်ပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မန္တလေးကို ဗဟိုပြုပြီး အထက်မြန်မာပြည်တစ်ခုလုံး အတွက် ကိုယ်စားပြုစီစဉ်ထုတ်လွှင့်သွားဖို့ ရှိတယ်လို့ လဲ ပြောကြားခဲ့ပါတယ်။
Mandalay FM Radio ကို နားဆင်မယ်ဆိုရင်တော့ 91.9 MHz ကနေ ဖမ်းယူနားဆင်နိုင်မယ် ဖြစ်ကြောင်း သတင်းကောင်းပါလိုက်ရပါတယ်။
မန္တလေးရဲ့ မျက်မြင် ဖတ်ရှုရသော စက္ခုမီဒီယာအဖြစ် မန္တလေးနေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့ပြီး
မန္တလေးရဲ့ နားဆင်ရမယ့် သောတ မီဒီယာအဖြစ် Mandalay FM Radio ကို မကြာခင် တင်ဆက်ပါတော့မယ်ခင်ဗျာ . . . .
Filed under: မန္တလေးမြင်ကွင်း, သတင်း Tagged: | Mandalay, mandalay city FM, mandalay Fm, news, radio