ရွှေစာရံဘုရားပွဲတော် သွားကြရအောင်
မန္တလေးနား ပုသိမ်ကြီးမြို့နယ် ရွှေစာရံဘုရားမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့မှ လပြည့်ကျော်၈ရက်အထိ
ကျင်းပမှာဖြစ်ပါတယ်
စောမွန်လှရဲ့ အတိတ်သမိုင်းကြောင်းနဲ့အတူ
ထင်ရှားလှပါတယ်။
နားဋောင်းအတွင်းက ဓာတ်တော်ကွန့်မြူးခြင်းကို အထင်မှားရာက
ပြည်တော်ပြန်ခရီးမှာ ချောင်းအနီးမှာ နားဋောင်းကျ သွားတယ်လေ
အဲဒီချောင်းက အခု နားဋောင်းကျ ချောင်းရယ်လို့ အမည်တွင်နေရော . . .
နောက် စေတီတည်တော့လဲ စာကလေးတွေ ၀ိုင်းရံနေလို့
ရွှေစာရံလို့ တွင်သတဲ့
ထူးခြားတာက
စေတီကို တည်ထားပြီးတဲ့အခါ ပုဂံကနေ လူလွှတ်ကြည့်စေပါတယ်
မုခ်ဦးဘယ် ဘက် ကို လှည့်ထားလဲပေါ့
တကယ်လို့ ရှမ်းပြည်ဘက်လှည့်ရင် ပြစ်ဒဏ်ပေးမယ်၊ ပုဂံဘက်ဆို ဒီအတိုင်းပြန်ခဲ့တဲ့ . . .
တကယ်လည်း မုခ်ဦးက ရှမ်းပြည်ဘက်လှည့်ထားတယ်
အဲဒါကို ကြားခဲ့တဲ့သူက စောမွန်လှကို ပြောတော့
စောမွန်လှက ညတွင်းချင်း သစ္စာပြုပြီး စေတီတော်ကို ပုဝါနဲ့ရစ်လို့ လှည့်လိုက်တာ
အခုဖူးမြင်ရသလို မုခ်ဦး လှည့်သွားပါတယ်တဲ့ခင်ဗျာ . . .
အခု ဘုရားပွဲတော်မှားလည်း အင်မတန်လူစည်းကားပါတယ်
ဘုရားပွဲမှာရော . .
ဘုရားနားက ဒုဋ္ဌ၀တီမြစ်ကမ်းမှာပါ အလွန်စည်ကားပါတယ်။
ငွေသောင်ယံလို့ခေါ်တဲ့ နေရာကို ဖန်တီးထားပြီး လှေစီးကြ၊ ရေကစားကြတဲ့
မန္တလေးရဲ့ ပထမသင်္ကြန်ပွဲလို့ ခေါ်ဆိုနိုင်ပါတယ်ခင်ဗျာ
သွားမယ်ဆိုရင်တော့ မန္တလေးကနေ ၁၁လိုင်းကားများထွက်ပါတယ်။
၃၅လမ်းတစ်လျှောက်စီးနိုင်ပါတယ် . .
ရွှေစာရံဘုရားပွဲရဲ့ အထိမ်းအမှတ် ထန်းရွက်ပုတီးနဲ့ ထန်းရွက်အရုပ်များ၊ မုန့်ခေါင်းအုံးများကို အမှတ်တရ ၀ယ်ယူနိုင်ကြပါတယ်ဗျာ . .
Filed under: ပွဲတော်, မန္တလေးမြင်ကွင်း Tagged: | news